• Welcome

    🌟 Welcome to Tun Lu Nge Academy 

    Tun Lu Nge Academy is a comprehensive digital learning bridge, dedicated to providing affordable, high-quality education to students across Myanmar.

    We bring together a wide range of courses, interactive lessons, and skill-building experiences into one integrated space, designed to make learning accessible, effective, and meaningful.

    Your journey here begins with our unique course-style Library, where you can start reading at your level to improve your English and expand your knowledge. Soon, you will also find practical, skill-focused modules designed for real-world application in your academic and professional life.

    At this Academy, learning is about more than just information—it is about personal growth, nurturing curiosity, and unlocking your potential.

    We are not just building courses—we are building futures. 🌱


    🌟 ထွန်းလူငယ် အကယ်ဒမီမှ ကြိုဆိုပါတယ်။

    ထွန်းလူငယ် အကယ်ဒမီသည် မြန်မာနိုင်ငံအနှံ့ရှိ ကျောင်းသားကျောင်းသူများအတွက် စျေးနှုန်းချိုသာပြီး အရည်အသွေးမြင့်မားသော ပညာရေးကို ပေးနိုင်ဖို့ ရည်စူးတည်ဆောက်ထားသော ဒီဂျစ်တယ် သင်ယူမှု ပေါင်းကူးတံတားတစ်ခု ဖြစ်ပါသည်။

    သင်တန်းများ၊ အပြန်အလှန်သင်ယူနိုင်သည့် သင်ခန်းစာများနှင့် စွမ်းရည်မြှင့် အတွေ့အကြုံများကို တစ်နေရာတည်းတွင် ပေါင်းစပ်ဖန်တီးပေးထားပြီး လွယ်ကူပြီး အကျိုးရှိသော၊ အဓိပ္ပာယ်ရှိသော သင်ယူမှုအတွေ့အကြုံကို ဖန်တီးပေးရန် ကျွန်ုပ်တို့ ရည်မှန်းထားပါသည်။

    ဒီအကယ်ဒမီတွင် ပထမဦးဆုံး ရရှိနိုင်မည့် သင်တန်းတစ်ခုမှာ သင်တန်းပုံစံဖြင့် တည်ဆောက်ထားသော စာကြည့်တိုက် ပဲဖြစ်ပါတယ်။ ကိုယ်နဲ့ သင့်တော်တဲ့ Level ကနေ စာဖတ်ရင်း English ဘာသာစကားကို ‌တိုးတက်ကျွမ်းကျင်အောင် လေ့ကျင့်နိုင်မှာဖြစ်သလို ဗဟုသုတတွေကိုလည်း အများကြီး ရရှိမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ကျောင်း/လုပ်ငန်းခွင်အတွက် လက်တွေ့အသုံးချနိုင်သည့် Skills ဖြည့်သင်ခန်းစာများကိုလည်း မကြာမီ သင်ယူခွင့် ရရှိလာပါလိမ့်မယ်။

    ဤအကယ်ဒမီတွင် သင်ယူခြင်းဆိုသည်မှာ အချက်အလက်ရယူရုံသက်သက်မဟုတ်ပါ။ ဘဝတစ်ခုလုံး တိုးတက်ကြီးထွားမှု၊ စူးစမ်းလိုစိတ်ကို ဖြည့်ဆည်းပေးမှု၊ ကိုယ်တတ်နိုင်သမျှ ပြောင်းလဲတိုးတက်အောင် ကူညီပေးမယ့် နေရာတစ်ခုပဲ ဖြစ်ပါတယ်။

    ဒါကြောင့် ထွန်းလူငယ် အကယ်ဒမီသည် သင်တန်းများကို ဖန်တီးနေခြင်းမျှမကဘဲ အနာဂတ်များကိုပါ စတင် ဆောက်လုပ်နေခြင်း ဖြစ်သည်။ 🌱

     

    🌟ချက်ချင်း ဝင်ရောက် တက်နိုင်သည့် အတန်းများ / Ready to Enrol Courses

    Tun Lu Nge (ထွန်းလူငယ်) Library
    Business Writing